၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ အပူစွမ်းအင်သုံးစက်ရုံများဌာန လက်အောက်ရှိ သာကေတစက်ရုံနှင့် သီလဝါဓာတ်အားပေး စက်ရုံများအတွက် ဒီဇယ်ဆီ ဂါလန်(၈၀၀၀၀၀) (ဂါလန် ရှစ်သိန်း) ကို Tender No. 97/ EPGE/ 2019-2020 (မြန်မာကျပ်ငွေ)ဖြင့် သက်ဆိုင်ရာစက်ရုံ ဆီသိုလှောင်ကန်(Tank) များအတွင်းသို့ အရောက် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူလိုပါသည်။
(၂၂.၃.၂၀၂၀)ရက်နေ့နှင့် (၂၃.၃.၂၀၂၀)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း၊ https://www.moep.gov.mm/mm/ignite/ contentView/2952 တွင်လည်းကောင်း ထည့်သွင်းကြေငြာပြီးဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ Tender No. 97/EPGE/2019-2020 ပါ သာကေတ ဓာတ်အားပေးစက်ရုံနှင့် သီလဝါဓာတ်အားပေးစက်ရုံများအတွက် ဝယ်ယူမည့်ဒီဇယ်ဆီဂါလန်အရေအတွက်အားဂါလန်(၈၀၀၀၀၀)အစားဂါလန်(၁၂၀၀၀၀၀)ဟုပြင်ဆင်သတ်မှတ်ပါကြောင်း https://www.moep.gov.mm/mm/ignite/contentView/3024 တွင် ပြင်ဆင်ကြေငြာထားပြီးဖြစ်ပါသည်။