The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(Naphtha) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ

၁။မြန်မာ့ရေနံဓာတုဗေဓလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်တွင် တည်ရှိသော အမှတ်(၁)ရေနံသဘာဝဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)မှ ထုတ်လုပ်သည့် Naphtaများကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း ၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိဈေးနှုန်းသတ်မှတ်ပြီး ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် Naphtha တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ် တစ်‌ထောင့်ကိုးရာတိတိ) နှုန်းဖြင့် ၄၀,၀၀၀ ဂါလန်(ဂါလန်လေးသောင်းတိတိ) အားစက်သုံးဆီအရောင်းဆိုင်များ  ၊ စက်သုံးဆီ တင်သွင်း/ရောင်းချဖြန့်ဖြူးရေးကုမ္ပဏီများ ၊ ရေယာဉ်လုပ်ငန်းရှင်များ ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း ၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ၊ သတ္တုတွင်းလုပ်ငန်း ၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များသို့ ၂၀-၁၁-၂၀၂၀ ရက်နေ့မှ ၂၁-၁၁-၂၀၂၀ ရက်နေ့အထိ လျှောက်လွှာလက်ခံပြီး လွတ်လပ်စွာရောင်းချမည်ဖြစ်ပါမည်ဖြစ်ပါ၍ မည်သူမဆို အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ တိုက်ရိုက်လျှောက်ထားဝယ်ယူနိုင်ပါသည်။

Download Link : Free_Naphtha.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
20-Nov-2020