၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာန၏ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနမှ ၂၃၀ကေဗွီ ရွှေမြို့ဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ကေဗွီ၊ ၁၀၀အမ်ဗွီအေ Transformer တိုးချဲ့ခြင်းနှင့် ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀အမ်ဗွီအေ ရမည်းသင်း ဓာတ်အားခွဲရုံစီမံကိန်းအတွက် လိုအပ်သောပစ္စည်းများအား တင်ဒါအမှတ်- 63(T)/ DPTSC (PTP)/ 2022-2023 (မြန်မာကျပ်ငွေ) ဖြင့် တင်ဒါခေါ်ဆို ဆောင်ရွက်လိုပါသည်။