The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ပြည်သူသို့ အသိပေးကြေညာခြင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

၁။            နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာပါသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါသည်။

၂။            သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့် အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အောက်ပါ အတိုင်း ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါသည်-

၃။              ယခုပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနှုန်းထားများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။

စဉ်

ဓာတ်အားသုံးစွဲသူအမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

(က)

အိမ်သုံးအမျိုးအစား

[နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး)၊

စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/ သာသနာ အဆောက်အအုံ]

၁ မှ ၅၀ ယူနစ်ထိ

၅၀

၅၁ မှ ၁၀၀ ယူနစ်ထိ

၁၀၀

၁၀၁ မှ ၂၀၀ ယူနစ်ထိ

၁၅၀

၂၀၁ ယူနစ်နှင့် အထက်

၃၀၀

စဉ်

ဓာတ်အားသုံးစွဲသူအမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

(ခ)

အိမ်သုံးမဟုတ်သည့်အမျိုးအစား

[စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊

ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/ လုပ်ငန်းများ၊

အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ]

၁ မှ ၅,၀၀၀ ယူနစ်ထိ

၂၅၀

၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ်ထိ

၄၀၀

၂၀,၀၀၁ ယူနစ်နှင့် အထက်

၅၀၀


 

 

 

 

 

 

 

 

 

 

30-Aug-2024