The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း

 

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ပြည်သူလူထုထံသို့ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။  ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့၊ ၁၄:၄၃ နာရီအချိန်တွင် ဓာတ်အားစနစ်အတွင်းရှိ ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ ဓာတ်အားလိုင်း၌ ယာယီချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရပါသည်။

၃။  အဆိုပါ ဓာတ်အားပြတ်တောက်မှုဖြစ်ပွားရာသို့ ဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ က အချိန်နှင့်တစ်ပြေးညီ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ဓာတ်အားစနစ်အတွင်းသို့ စတင် ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီး၊ ယင်းနေ့ ၁၆:၄၃ နာရီအချိန်တွင် ဓာတ်အားစနစ်တစ်ခုလုံးသို့ ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

၄။  သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ဓာတ်အားစနစ်အတွင်း ချို့ယွင်းမှုများ မဖြစ်ပွားစေရေးအတွက် စစ်ဆေး၊ ပြုပြင်၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများသို့ လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

14-May-2026