The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ကလော ၁၃၂ ကေဗွီ ခွဲရုံတွင် ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်၊ ဗို့အားကောင်းမွန်စေရန်နှင့် ထရန်စဖော်မာများ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်ချိန်များတွင် ဓာတ်အားပြတ်တောက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင် စေရန်အတွက် ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံတွင် ၁၃၂ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာအသစ်အား  တိုးချဲ့တည်ဆောက်ခဲ့ပါသည်။ ယခုအခါ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ အသစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ ဓာတ်အားသုံးစွဲနိုင်စေရန် 66 kV Bus Gantry များ၊ ကြိုးများ ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

   ထိုသို့ ထရန်စဖော်မာအား ဓာတ်အားချိတ်ဆက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက်   (၁၆-၅-၂၀၂၆) ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

   ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဥ် ၆၆ ကေဗွီ နဂါးဘိလပ်မြေနှင့် ပင်းတယဓာတ်အား လိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ပင်းတယနှင့် ရွာငံမြို့နယ်များ ဓာတ်အားယာယီပြတ်တောက် နေမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများရှိ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ စက်ရုံ/ အလုပ်ရုံ များကို ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သတင်းရရှိပါသည်။

16-May-2026