လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကရင်ပြည်နယ်၊ ဘားအံမြို့၊ ၂၃၀/၆၆/၁၁ကေဗွီ ဘားအံ ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ကေဗွီ ဘားအံဖီဒါ (၃) နှင့် ဘားအံဖီဒါ (၄) ဓာတ်အား လိုင်းများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် မိုးရာသီအကြိုကာလ ဓာတ်အားလိုင်းကြံ့ခိုင် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ ဓာတ်အား ပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဘားအံမြို့နယ်အတွင်း ဘားအံ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာ (၆၂) ရွာ၊ မြိုင်ကလေးဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ပေးထားသည့် တပ်ရင်းတပ်ဖွဲ့များနှင့် ကျေးရွာ (၈၃) ရွာတို့အား ဓာတ်အားယာယီပြတ်တောက် နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများရှိ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ စက်ရုံ/အလုပ်ရုံ များကို ကြိုတင်ညှိနှိုင်း အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။