ယနေ့ ၂၆-၅-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂:၀၅ နာရီအချိန်တွင် ၁၃၂ ကေဗွီ ညောင်ပင်ကြီး - ဗုဒ္ဓကုန်း ဓာတ်အားလိုင်း၌ လိုင်းချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ ဓာတ်အားလိုင်းတစ်လျှောက် လိုက်လံစစ်ဆေးခဲ့ရာ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်အား တွေ့ရှိရသဖြင့် အမြန်ဆုံး ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ လိုအပ်သော ရှင်းလင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ပါသဖြင့် ယနေ့ ညနေ ၅:၁၃ နာရီမှ စတင်၍ အဆိုပါဓာတ်အားလိုင်းမှတစ်ဆင့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်များသို့ ဓာတ်အားပုံမှန်အတိုင်းပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။