The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

တောင်သာဓာတ်အားခွဲရုံအား ၃၃ ကေဗွီ ဖွံ့ဖြိုးရေး - ၂ ဓာတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်မည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ ၃၃ ကေဗွီ ပျဉ်းမနား ဓာတ်အားလိုင်း ပေါ်မှ ဓာတ်အားရယူထားသော ၃၃ ကေဗွီ တောင်သာဓာတ်အားခွဲရုံကို ၃၃ ကေဗွီ ဖွံ့ဖြိုးရေး - ၂ ဓာတ်အားလိုင်းပေါ်သို့ ပြောင်းလဲချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားလိုင်းနှင့် ၃၃ ကေဗွီ ဖွံ့ဖြိုးရေး-၂ ဓာတ်အား လိုင်းတို့အား နံနက် (၀၈:၀၀) မှ (၁၃:၀၀) အချိန်ထိ ဓာတ်အားပိတ်၍ ပြောင်းလဲချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ပျဉ်းမနားမြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဟိုတယ်ဇုန်၊ NGO အဖွဲ့အစည်းများနှင့် စည်ပင်ရေသန့်စက်ရုံ (၂) ရုံ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာ များရှိ အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါသည်။

05-Jun-2026