The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း တစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် Jumper Connection များစစ်ဆေးခြင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓာတ်အားပိတ်ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြခြင်း

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးဦးကာလကျရောက်ပြီဖြစ်သောကြောင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၆၆ ကေဗွီ တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ ဟိုပုံးနှင့် မိုင်းပွန် ဖီဒါဓာတ်အားလိုင်းများနှင့် မလွတ် ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ Jumper Connection များစစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင် (၀၉း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ဆောင်ရွက်နေချိန်အတွင်း ဟိုပုံးမြို့ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ အရေးကြီးနေရာများ ဟိုပုံးမြို့၊ ကျောက်တန်းမြို့၊ မိုင်းပွန်မြို့များရှိ ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၀၆)ရွာမှ မီးသုံးသူ (၁၆၅၁၇)ဦး ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်ညှိနှိုင်း အကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

11-Jun-2026