The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်ကိုနှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

 

၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများ၊ Main ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်း၊ ချို့ယွင်းပစ္စည်းများ အစားထိုး လဲလှယ်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။   ယခုအခါ ၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ ခနောင်တိုဓာတ်အားလိုင်း နှင့် ၃၃ ကေဗွီ မြို့ရုံး(၁) ဓာတ်အားလိုင်းတို့၏ ဆက်စပ် Switchbay (ဆွဒ်ဘေး) များ ကြံ့ခိုင် ကောင်းမွန်စေရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရန်အတွက်  ဆွဒ်ဘေးထိန်းသိမ်းပြုပြင်ခြင်းနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတလျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

စဉ်

ဓာတ်အားလိုင်းအမည်

ရက်စွဲ/ အချိန်

ဓာတ်အားပြတ်ဧရိယာ

၁။

၃၃ ကေဗွီ ခနောင်တို

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အေးရွာနှင့် ဒလမြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာများ

၂။

၃၃ ကေဗွီ မြို့ရုံး (၁)

၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ

စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ ညောင်ရွာနှင့် ဒိုင်စုစသည့် ရပ်ကွက်များ

၃။   ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

13-Jun-2026