The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မဓာတ်အားခွဲရုံ၏ ၆၆ ကေဗွီ စက်မှုဇုန်- လှိုင်းဘွဲ ဓာတ်အားလိုင်း ဓာတ်အားပိတ် ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြန်ခြင်း

   ၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ စက်မှုဇုန်-လှိုင်းဘွဲဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဓာတ်အားကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ (ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ ၊ ပိုင်ကျုံ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာ(၈၃)ရွာတို့တွင် ဓာတ်အား ယာယီပြတ်တောက် နေမည်ဖြစ်ပါကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

12-Jun-2026