The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

 

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၃၃ ကေဗွီ ဖွံ့ဖြိုးရေး (၂) ဓာတ်အားလိုင်းကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် နံနက် (၈:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ လည်းကောင်း၊ ၃၃ ကေဗွီ စက်မှုဇုန် ဓာတ်အားခွဲရုံရှိ လျှပ်စစ်ပစ္စည်းများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဇွန် လ ၂၁ ရက်နေ့တွင် နံနက် (၈:၀၀) နာရီ မှ ညနေ(၄:၀၀) နာရီအထိ လည်းကောင်း ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ဟိုတယ်ဇုန်၊ ဒက္ခိဏသီရိစက်မှုဇုန်နှင့် ရုံးဌာန အဖွဲ့အစည်းများ၊ ပျဉ်းမနားမြို့နယ်ရှိ တောင်သာရပ်ကွက်၌ ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူ များကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါသည်။

   အလားတူ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဇွန်လ ၂၁ ရက်နေ့တွင် ၃၃ ကေဗွီ တပ်ကုန်း ဓာတ်အားလိုင်းကို နံနက် ၈ နာရီမှ နေ့လယ် ၁ နာရီအထိ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ကုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူ ဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

19-Jun-2026