The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၆၆ ကေဗွီ မြန်အောင် - ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်


၁။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ်၊ ကညင်ဆည်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးပါက ထွက်ရှိမည့်ဓာတ်အားကို အင်္ဂပူမြို့နယ် ၆၆ ကေဗွီ ထူးကြီးဓာတ်အားခွဲရုံသို့ ပို့လွှတ်သွားမည် ဖြစ်သဖြင့် ၎င်းခွဲရုံနှင့်ချိတ်ဆက်မည့် ၆၆ ကေဗွီ မြန်အောင် - ဟင်္သာတ အမှတ်(၁) ဓာတ်အားလိုင်းကို ၁၅-၇-၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့) ရတွင် မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ (၂)နာရီ ကြာ ဓာတ်အားပိတ်၍ ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

၂။ လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့များ တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါသည်။ ဓာတ်အားပြတ်တောက်မည့်အခြေအနေ များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။

14-Jul-2026