၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများနှင့် ပျဉ်းမနား-လယ်ဝေး လမ်းဟောင်းဘေး၊ အောင်မင်္ဂလာရပ်ကွက်ရှိ အန္တရာယ် ရှိသည့် ကုက္ကိုလ်ပင်ခြောက်ကို ပျဉ်းမနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့မှ ဝန်ထမ်းများပူးပေါင်း၍ ခုတ်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ပျဉ်းမနား ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် နေ့ နံနက် (၇:၀၀) နာရီ မှ ညနေ (၁၆:၀၀) နာရီအထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ ပျဉ်းမနားမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေး ထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။