ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၁) ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်၍လည်းကောင်း၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ၃၃ ကေဗွီ Project M/O ဓာတ်အားလိုင်း ကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိ ဓာတ်အားပိတ်၍ လည်းကောင်း ဆောင်ရွက် သွားမည်ဖြစ်ရာ ဓာတ်အားပိတ်နယ်မြေအတွင်းရှိ ရုံးဌာနများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ယာယီ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် စက်ရုံ၊ အလုပ်ရုံများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။