၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၅ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်း သောသစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၄) ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ဓာတ်အားပိတ် ဆောင်ရွက် သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း စည်ပင်ဧည့်ရိပ်သာ(၂)၊ ရွှေကြာပင်ရပ်ကွက်၊ ဂုံမင်းအင်း၊ ရှားတောနှင့် တဲကြီးကုန်း ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည် ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။