၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၈) ရှိ ၁၁ ကေဗွီ ရာဇသင်္ဂဟအိမ်ရာ (၂) ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက် သွားမည်ဖြစ်ရာ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဇဝနသိဒ္ဓိရပ်ကွက်နေရာအချို့နှင့် ရတနာသိဒ္ဓိရပ်ကွက် တို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အများပြည်သူ ဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။