၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံရှိ ၁၀၀အမ်ဗွီအေမိန်းထရန်စဖော်မာ၏ ဓာတ်အားလွှတ်ကြားခံ ပစ္စည်းများအစားထိုးလဲလှယ်ခြင်းလုပ်ငန်းတို့ကို အောက်တိုဘာလ (၁၉) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့ အချိန်(၄)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန