၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်းမှုဖြစ်ပေါ်နေသော ဓာတ်အားလွှတ်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ခြင်း လု်ပငန်းအား အောက်တိုဘာလ (၂၄) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇေယျာသီရိ၊ တပ်ကုန်းနှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့် ကျေးရွာများ၏ နေရာအချို့နှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ရန်အောင်မြို့နယ်တို့ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့်ကျေးရွာများ၏ နေရာအချို့တွင် အချိန်(၅)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာ/လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေး ထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာ