၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ ကွဲအက်ချို့ယွင်းမှုဖြစ်ပေါ်နေသော ကြွေသီးတွဲအစားထိုးလဲလှယ် ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ အချိန် (၃)နာရီကြာခန့် ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အချို့မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီ ဓာတ်အားပြတ် တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ တစ်ဆင့် ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန