၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ ဧရာဝဏ် ပင်မဓာတ်အားခွဲရုံရှိ ကြိုးလွန်းပွမှုဖြစ်ပေါ်မှုအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၊ (၀၇:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ အချိန် (၅) နာရီကြာခန့် ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများမှ တစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။