၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဓာတ်အားလိုင်းများ တစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ၃၃ ကေဗွီ ဓာတ်အားခွဲရုံး အမှတ်(၄)ရှိ ၁၁ ကေဗွီ ကောင်စီလိုင်းဟောင်း ဓာတ်အားလိုင်းကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် စည်ပင်ဧည့်ရိပ်သာ(၂)၊ ရွှေကြာပင်ရပ်ကွက်၊ ဂုံမင်းအင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အလျင်လိုကျေးရွာတို့တွင် ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာ များကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။