၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၆) ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၇:၀၀) နာရီအထိ လည်းကောင်း၊ ၃၃ ကေဗွီ ပျဉ်းမနား ဓာတ်အားလိုင်းကို နံနက် (၉:၀၀) နာရီမှ ညနေ (၁၄:၀၀) နာရီအထိ လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဝန်းအတွင်းရှိ ငလျင်ကြောင့် တိမ်းစောင်းသွားခဲ့သော လေးတိုင်စင်ကွန်ကရစ် ဓာတ်တိုင်ကို ပြုပြင်ဆောင်ရွက်ရန် နိုဝင်ဘာလ ၁၅ ရက်၊ နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၇:၀၀) နာရီအထိဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အလျင်လို၊ လက်ခံခါလှ၊ သက်ကယ်ချင်း၊ တောက်ထိန်ကျေးရွာများနှင့် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများ၊ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ် ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။