၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံရှိ ဗို့အားမြှင့်ပင်မထရန်စဖော်မာ အမှတ်(၁)အား ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၊ (၀၆:၀၀) နာရီမှ (၀၈:၀၀) နာရီအထိ အချိန် (၂) နာရီကြာခန့် ဓာတ်အားပိတ်ဆောင်ရွက်မည် ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့၊ ငါးဇွန်မြို့၊ ပုဂံမြို့နှင့် ညောင်ဦးမြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။