The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ် ( ၁ / ၂၀၂၂ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်( /၂၀၂၂ )

၂၀၂၂   ခုနှစ်   ဒီဇင်ဘာလ  ၁၂  ရက်

၁။           လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၂၁၆၀၀ဝ- ၂၀၀ဝ- ၂၂၆၀၀ဝ) တန်း အငယ်တန်းအင်ဂျင်နီယာ(၂) (၂၀၀)နေရာအတွက် အောက်ဖော်ပြပါ အနိမ့်ဆုံးသတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ခန့်ထားမည့်ရာထူး

အနိမ့်ဆုံး

ပညာအရည်အချင်း

ခန့်ထားမည့်ဦးရေ

ကျား

ပေါင်း

အငယ်တန်းအင်ဂျင်နီယာ (၂) (လျှပ်/စက်)

A.G.T.I(EP)

၁၅၀

၁၀

၁၆၀

A.G.T.I(EC)

၁၀

၁၆

A.G.T.I(IT)

၁၀

၁၀

၂၀

အငယ်တန်းအင်ဂျင်နီယာ (၂) (မြို့ပြ)

A.G.T.I(Civil)

စုစုပေါင်း

၁၇၃

၂၇

၂၀၀

 

၂။            လျှောက်ထားသူသည်-

              (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

               (ခ)     ( ၃၀.၁၁.၂၀၂၂ ) ရက်နေ့တွင် အသက်( ၃၅ )နှစ် ( ဝန်ထမ်းဖြစ်ပါက ( ၄၀ ) နှစ် )ထက် မကျော်လွန်သူ ဖြစ်ရမည်။

              (ဂ)     ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်။       

             (ဃ)    မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုခုတွင်မှတ်ပုံတင်ထားသူဖြစ်ရမည်။

              (င)     နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

              (စ)     အစိုးရဌာနတစ်ခုခုတွင် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် ( Dismissal )ခြင်း၊ ရာထူးမှ ထုတ်ပယ်( Removal ) ခြင်းခံရသူများ

                        လျှောက်ထားခွင့်မရှိပါ။

၃။      လျှောက်ထားလိုသူများသည် စာမေးပွဲဝင်ကြေး ငွေကျပ် ၅၀၀၀/ (ကျပ်ငါးထောင်တိတိ)ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ငွေစာရင်းအမှတ် ( SEE-10316 ) သို့ ပေးသွင်းရမည် ဖြစ်ပါသည်။

၄။           လျှောက်လွှာကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးဌာန၊ နေပြည်တော်တွင် လျှောက်လွှာရယူ၍ (၂၆.၁၂.၂၀၂၂ရက်နေ့ နောက်ဆုံး ထား၍ လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့် ပေးပို့လျှောက်ထားရမည်။

၅။          အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၆။           လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည်-

              (က)    စာမေးပွဲဝင်ကြေးပေးသွင်းသည့် ချလန်မူရင်း။

              (ခ)     ဘွဲ့လက်မှတ်/ ဒီပလိုမာအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်။)

              (ဂ)     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်( သို့ ) အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ

                        (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်။)

              (ဃ)    နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(သို့မဟုတ်)အမျိုးသားမှတ်ပုံတင်မိတ္တူ။

              (င)     လွန်ခဲ့သော( ၃ )လအတွင်း ရိုက်ကူးထားသော ၁"x၁" ပတ်စ်ပို့ဓာတ်ပုံ (၁) ပုံကပ်ရန်။ (အပို(၂)ပုံ)

                        ( ဓာတ်ပုံကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ် ရေးသားရန် )

              (စ)     နိုင်ငံ့ဝန်ထမ်းဖြစ်ပါက တာဝန်ထမ်းဆောင်သည့် သက်ဆိုင်ရာဌာန၏ ဖြေဆိုခွင့် ခွင့်ပြုချက်မူရင်း။

              (ဆ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူနှင့် (၁)လ အတွင်း ရယူထားသော အကျင့်စာရိတ္တ

                       ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်မူရင်း။

              (ဇ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု

                        ကတိဝန်ခံချက်။

၇။          နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့်ခွင့်ပြုချက်ရယူ၍ ပေးပို့ရမည်ဖြစ်ပြီး လျှောက်လွှာပိတ်ရက် ထက်ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၈။           ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်နှင့် အင်ဂျင်နီယာဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ပါသည်။

၉။           စာမေးပွဲဖြေဆိုခွင့်ကတ်ပြားထုတ်ပေးမည့် ရက်/ အချိန်/ နေရာနှင့် ရေးဖြေစာမေးပွဲကျင်းပ ပြုလုပ်မည့် ရက်/အချိန်/နေရာများကို နိုင်ငံပိုင် သတင်းစာများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန Website www.moep.gov.mm တွင် ထပ်မံ ကြေညာပါမည်။

၁၀။         ရွေးချယ်ခြင်းခံရသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် အနည်းဆုံး ( ၅ )နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ပါက ငွေကျပ်၁,၀၀၀,၀၀၀/ (ကျပ်တစ်ဆယ်သိန်းတိတိ) ကို ပေးလျော် ရမည် ဖြစ်ပါသည်။

၁၁။         အသေးစိတ်သိရှိလိုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း( ဖုန်း၊ ၀၆၇-၈၁၀၄၂၂၁၊ ၀၆၇-၈၁၀၄၂၁၉ )တို့သို့ ဖုန်းဖြင့်ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

 

                                                                             လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

12-Dec-2022