“Sharing and Caring - ကူညီဝေမျှ ပညာရ” Facebook Page နှင့် Facebook Private Group လွှင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း/ အမှုထမ်းများ၏ IT ဘာသာရပ်ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာဖြင့် ထိရောက်မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်အတွက် “Sharing and Caring - ကူညီဝေမျှ ပညာရ” Facebook Page နှင့် Facebook Private Group ကို (၁၂.၈.၂၀၂၀) ရက်နေ့မှစတင်၍ လွှင့်တင်သွားမည် ဖြစ်ပါသည်။
အဆိုပါ Page နှင့် Group များမှ IT နည်းပညာဆိုင်ရာ ပညာရပ်များအား ကဏ္ဍအလိုက် အခြေခံ အဆင့် (Basic Level) မှ အဆင့်မြင့်အဆင့် (Advanced Level) အထိ ဝေမျှပေးသွားမည် ဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် မေးမြန်းလာမှုများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် IT နည်းပညာ ကျွမ်းကျင်သူများမှ ဖြေကြားသွားမည်ဖြစ်ပါကြောင်း နှင့် အဆိုပါ Page နှင့် Group သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများရှိ စိတ်ပါဝင်စားသူဝန်ထမ်းများမှ ဆက်သွယ်ဝင်ရောက်လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
“Sharing and Caring - ကူညီဝေမျှ ပညာရ” Facebook Page နှင့် Facebook Private Group ဖွင့်လှစ်ရခြင်းသည် နေပြည်တော်တွင် ဖွင့်လှစ်သော သင်တန်းများသို့ တက်ရောက်ရန် အခက်အခဲရှိနိုင်မည့် ဝန်ထမ်းများအတွက် ပညာရပ်များ ဆည်းပူးလေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။
ကူညီဝေမျှ ပညာရ Facebook Group >>>
https://www.facebook.com/groups/754122122018675/
သို့ ဆက်သွယ်ဝင်ရောက်နိုင်ရန်အတွက် အောက်ဖော်ပြပါ အချက် (၃) ချက်ဖြင့် မေးမြန်းစိစစ်၍ Group Member များကို စိစစ်လက်ခံသွားမည်ဖြစ်ပါသည်-
(၁) ဘယ်ဌာနကပါလဲ
(၂) Microsoft Office တွင် သင်ဘယ်အပိုင်းကိုစိတ်ဝင်စားပါသလဲ
(၃) ဝန်ထမ်း၏အမည်နှင့်ကိုယ်ပိုင်အမှတ်
Sharing-Caring Facebook Page >>>
https://www.facebook.com/Sharing-Caring-574853409875968/
ကူညီဝေမျှ ပညာရ Facebook Group >>>