ပြည်သူသို့ အသိပေးပန်ကြားလွှာ
***************************************************************
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းများအား ခေါ်ယူ ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတဆင့်သော်လည်းကောင်း၊ ဝန်ကြီးဌာနမှတဆင့် သော်လည်းကောင်း ဝင်ခွင့်စာမေးပွဲများဖြေဆိုစေပြီး ဆောင်ရွက်လျက်ရှိရာ လူပုဂ္ဂိုလ်အချို့မှ အဆိုပါ ခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အသုံးချပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ဖော်ထုတ်အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုမည့် ဝန်ထမ်းလောင်းများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်၍ မိမိတို့ အနေဖြင့် သိရှိလိုသည်များ၊ လိုအပ်သည့် အကူအညီတောင်းခံမှုများကို မေးမြန်း၍ ဆောင်ရွက်နိုင် ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်-
(က) |
လက်ထောက် အတွင်းဝန် |
အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ ဝန်ကြီးရုံး |
၀၆၇ ၃၄၁၀၅၆၆ |
(ခ) |
ညွှန်ကြားရေးမှူး |
လူအင်အားစီမံရေးဌာနခွဲ ၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန |
၀၆၇ ၃၄၁၁၁၀၆ |
(ဂ) |
ညွှန်ကြားရေးမှူး |
အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန |
၀၆၇ ၃၄၁၁၀၅၇
|
(ဃ) |
ညွှန်ကြားရေးမှူး |
စီမံခန့်ခွဲရေးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန |
၀၆၇ ၃၄၁၀၂၆၂
|
(င) |
ညွှန်ကြားရေးမှူး |
စီမံခန့်ခွဲရေးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန |
၀၆၇ ၈၁၀၄၁၇၄
|
(စ) |
ညွှန်ကြားရေးမှူး |
စီမံခန့်ခွဲရေးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန |
၀၆၇ ၃၄၁၁၄၈၈
|
(ဆ) |
ညွှန်ကြားရေးမှူး |
စီမံခန့်ခွဲရေးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း |
၀၆၇ ၈၁၀၄၂၆၆
|
(ဇ) |
ညွှန်ကြားရေးမှူး |
စီမံခန့်ခွဲရေးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း |
၀၆၇ ၈၁၀၄၂၁၁
|
(ဈ) |
ညွှန်ကြားရေးမှူး |
အထွေထွေစီမံခန့်ခွဲရေးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း |
၀၆၇ ၃၄၁၁၀၉၆
|
(ည) |
ညွှန်ကြားရေးမှူး |
အထွေထွေစီမံခန့်ခွဲရေးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း |
၀၆၇ ၃၄၁၁၁၀၉ |
(ဋ) |
ဒုတိယအထွေထွေ မန်နေဂျာ |
စီမံခန့်ခွဲရေးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း |
၀၁ ၂၃၀၁၈၇၂
|
(ဌ) |
ဒုတိယအထွေထွေ မန်နေဂျာ |
စီမံခန့်ခွဲရေးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း |
၀၂ ၆၉၁၁၅
|