The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

“အသိပေးနှိုးဆော်ကြေညာချက်”

          ပုဂ္ဂလိကစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူအချို့တို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် ပေါ့ဆမှု၊ စည်းကမ်းမလိုက်နာမှု၊ တားမြစ်ထားသည့်ပစ္စည်းများသုံးစွဲမှု၊ မဆင်မခြင်မောင်းနှင်မှုစသည် တို့ကြောင့် စက်သုံးဆီဆိုင်မီးလောင်မှု၊ ဆီတင်ဆီချစဉ်မီးလောင်မှု၊ ဆီသယ်ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု၊ မီးလောင်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်ကို မြင်တွေ့နေရပါသည်။ ပူပြင်း ခြောက်သွေ့သည့်နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိကြောင့် အခြားပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် စက်သုံးဆီလုပ်ငန်းဆောင်ရွက်ကြသူတိုင်း မီးဘေး အန္တရာယ်ကင်းရှင်းရေးနှင့် မတော်တဆမှုများမဖြစ်ပေါ်စေရေး၊ သတ်မှတ်စည်းကမ်းများအတိုင်း အထူးဂရုပြုလိုက်နာဆောင်ရွက်ကြပါရန်နှင့် သက်ဆိုင်ရာလုပ်ငန်းပိုင်ရှင် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သလိုစစ်ဆေးကြပ်မတ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။

 

                                                                       မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

                                                                                 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
12-Mar-2019