The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (  ၁၇ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် အမေရိကန် နိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများ၊ နည်းပညာဆိုင်ရာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
17-Sep-2019