The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဘိုလီဗာရီယန်းဗင်နီဇွဲလားသမ္မတနိုင်ငံ၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းစုနိုင်ငံများဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Ruben Dario Molina အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၂၇ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဘိုလီဗာရီယန်းဗင်နီဇွဲလားသမ္မတနိုင်ငံ၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းစုနိုင်ငံများဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Ruben Dario Molina အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍဆိုင်ရာ နည်းပညာ၊ အတွေ့အကြုံ နှင့် ဗဟုသုတများ မျှဝေရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံတကာ ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍရှိ ပညာရပ်ပိုင်းနှင့် ပတ်သက်၍ ဗင်နီဇွဲလားနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုပေးအပ်မည့် အစီအစဉ်များ၊ စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘိုလီဗာရီယန်းဗင်နီဇွဲလားသမ္မတနိုင်ငံမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
27-Nov-2019