The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်)ဒေါက်တာထွန်းနိုင် တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းနှင့် ရွှေတောင် (ဘယ်လက်) ဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု့စစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၁၈ ) ရက်

      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ဒုတိယဝန်ကြီး   (စွမ်းအင်)   ဒေါက်တာထွန်းနိုင်သည်   မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊  ဦးဆောင်ညွှန်ကြားရေးမှူး   ဦးမျိုးမြင့်ဦးနှင့်  တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀  ပြည့်နှစ်၊  ဇန်နဝါရီလ  ၁၈  ရက်နေ့တွင်  ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့နယ်ရှိ  တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းနှင့် ရွှေတောင်မြို့နယ်ရှိ ရွှေတောင်သဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်း တို့သို့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့နယ်ရှိ  တီတွတ်ပိုက်လိုင်း အခြေစိုက်  စခန်းသို့    ရောက်ရှိရာ   စခန်းတာဝန်ခံမှ  လုပ်ငန်း    ဆောင်ရွက်နေမှု    အခြေအနေများ၊ ၂၀၁၉ - ၂၀၂၀  ဘဏ္ဍာရေးနှစ်အတွင်း   အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့မှုများနှင့်  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်   လျာထားဆောင်ရွက်မည့်  မကွေး  -  ရွှေတောင်  (၂၀)လက်မ   သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစားထိုးဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးမှ  မိမိတို့နိုင်ငံအနေဖြင့်  သဘာဝဓာတ်ငွေ့ လိုအပ်ချက် နှစ်စဉ် မြင့်မားလျက်ရှိပြီး လိုအပ်ချက်ကို  အပြည့်အဝ  ဖြန့်ဖြူးပေးနိုင်ရေး  စီမံဆောင်ရွက်သွားရန်  လိုအပ်ပါကြောင်း၊   သဘာဝ ဓာတ်ငွေ့များ  ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး၊  ပိုက်လိုင်းများ  ကြံ့ခိုင် ကောင်းမွန်ရေးသည်  အထူးအရေးကြီး ကြောင်း၊ ပိုက်လိုင်းများ   ပြုပြင်ထိန်းသိမ်းခြင်း    လုပ်ငန်းများကို   သတ်မှတ်ထားသည့်    Standard  Operation  Procedure  (SOP)များ အတိုင်း အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်း သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ရွှေတောင်(ဘယ်လက်) ဓာတ်ငွေ့ထိန်းဖြန့်စခန်းသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ   စခန်းတာဝန်ခံမှ သဘာဝဓာတ်ငွေ့များ  ရွှေတောင်သဘာဝဓာတ်ငွေ့သုံးစက်ရုံသို့     ဓာတ်ငွေ့လက်ခံပို့လွှတ်နေမှုအခြေအနေနှင့် အသစ်တည်ဆောက်မည့်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနေရာတို့အား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသည် နောင်တချိန်တွင်အဆင့်မြင့်တင်မှုလုပ်ငန်းများအပြင် ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ  အသစ်တည်ဆောက်ခြင်းလုပ်ငန်းများလည်း      စတင်တော့မည်  ဖြစ်သည့်အတွက်   မိမိတို့ဌာနမှ    သဘာဝဓာတ်ငွေ့များ ပိုမို ဖြန့်ဖြူးပေးလာရမည်ဖြစ်ပြီး    လိုအပ်သော  ကြိုတင်ပြင်ဆင်မှုများကိုလည်း      ယခုကတည်းက   ဆောင်ရွက်ထားစေလိုပါကြောင်း    လမ်းညွှန်မှာကြားခဲ့ပါသည်။တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းသည်   ပဲခူးတိုင်းဒေသကြီး၊   ပြည်မြို့နယ် ၊    ထမ္မကောက်ကျေးရွာအနီးတွင် တည်ရှိပြီး   အထက်မြန်မာပြည်    ပိုက်လိုင်းထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို       အဓိကအခြေစိုက်စခန်းအဖြစ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တီတွတ်စခန်းမှ   ပိုက်လိုင်းအရှည်(၁၁၃၀) မိုင်အား    ထိန်းသိမ်းပြုပြင်လျက်ရှိပြီး    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ    တည်ဆောက်ပြီးစီးခဲ့သည့် ကုန်းတွင်းပိုင်းရေနံနှင့်  သဘာဝဓာတ်ငွေ့ပိုက်လိုင်း  ( Network )      စုစုပေါင်းအရှည်မှာ (၂၃၇၁) မိုင်  ဖြစ်ပါသည်။

 

Post under by : ဝန်ကြီးရုံး
18-Jan-2020