The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀)မဂ္ဂါဝပ် LNG to Power သီလဝါဓာတ်အားပေး စက်ရုံ စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (  ၁  ) ရက်

              ၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အတွင်း ဆောင်ရွက်နေသည့် (၃၅၀)မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဆောင်ရွက်နေမှု အခြေအနေများကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေသည့် V-Power Co.,Ltd. မှတာဝန်ရှိသူအသီးသီးတို့က ဓာတ်အားပေး စက်ရုံစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ အတည်ပြု ရွေးချယ်ထားသည့် မြေနေရာပေါ်တွင် ဓာတ်အားပေးစက်ရုံအသစ်အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် အစီအမံ တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးမှ လာမည့် နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံစီမံကိန်း အသစ်(၇)ခုမှ  မဂ္ဂါဝပ်(၁၀၀၀) ကျော် ထုတ်လုပ်ပေးနိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၃၅၀မဂ္ဂါဝပ်  (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလထက် ဆောလျင်စွာပြီးစီး၍ ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ စီမံကိန်း လုပ်ငန်းခွင်သုံးပစ္စည်း များအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်ဝကောင်းမွန်စေရေး စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်သွားရန်၊ စက်ပစ္စည်းများ သတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိစေရေး ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် ဧရိယာအတွင်း LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်း(Jetty)တည်ဆောက်နေမှုအား လည်းကောင်း၊ Regasification Unit တည်ဆောက်နေမှုအားလည်းကောင်း၊ Medium Speed နှင့် High Speed Generator Sets များတပ်ဆင်ရန် Foundation လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ၂၀ လက်မ Gas Pipe Line သွယ်တန်းနေမှု အခြေအနေများအားလည်းကောင်း၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင်(၇)တိုင်၏ Foundation လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ အဆိုပါ ၃၅၀မဂ္ဂါဝပ်  (LNG to Power) ဓာတ်အားပေး စက်ရုံ စီမံကိန်းမှ တည်ဆောက်ပြီးစီးပါက လက်ရှိ ဓာတ်အားထုတ်နေသော သီလဝါဓာတ်အားပေးစက်ရုံသို့ ဓာတ်အားချိတ်ဆက်မည့်နေရာတွင် ဓာတ်အားခွဲရုံ တိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက် နေမှု  အခြေအနေတို့ကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
01-Feb-2020