လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင် သက်တမ်းတိုး လျှောက်ထားရန် နှိုးဆော်ခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင်များသည် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ-၈(ပုဒ်မခွဲ-က)အရ သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးထုတ်ပေး ခြင်းကိုဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင်များ သက်တမ်းတိုးထုတ်ပေးခြင်းကို ၁၀-၂-၂၀၂၀ ရက်နေ့မှ ၂၆-၃-၂၀၂၀ ရက်နေ့အတွင်း လျှောက်ထားရန်နှင့် ပျက်ကွက်ပါက ရက်လွန်ဒဏ်ကြေးအဖြစ် ၁-၄-၂၀၂၀ ရက်နေ့မှစတင်၍ တစ်ရက်လျှင် လိုင်စင်ကြေး၏ ၁% ကိုပေးဆောင်ရမည်ဖြစ်ပြီး ၃ လ ကျော်လွန်ပါက လိုင်စင်သက်တမ်း အလိုအလျောက်ပျက်ပြယ်သည်ဟု သတ်မှတ်ရမည်။
၃။ သက်တမ်းတိုးရန်လျှောက်ထားသည့်အခါ ဖေါ်ပြပါ စာရွက်စာတမ်းများဖြင့် တင်ပြလျှောက် ထားရန် နှိုးဆော်အပ်ပါသည်-
(က) သက်တမ်းတိုးလျှောက်လွှာ
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)
(ဂ) စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်(မိတ္တူ)
(ဃ) မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်(မိတ္တူ)
(င) ပြည်တွင်းအခွန်များဦးစီးဌာန၏အခွန်ကင်းရှင်ကြောင်းထောက်ခံချက်(မိတ္တူ)
(စ) သတ္တုတွင်းဦးစီးဌာန၏ စက်သုံးဆီသိုလှောင်ခွင့်လိုင်စင်(မိတ္တူ)
(ဆ) ဤလုပ်ငန်းမှထုတ်ပေးထားသော ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင်(မူရင်း)
၄။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်း သက်ဆိုင်ရာလုပ်ငန်းနေရာများသို့ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသူများအား လိုင်စင်သက်တမ်းတိုးထုတ်ပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ လိုင်စင် သက်တမ်းတိုးလျှောက်လွှာပုံစံများကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် ရယူနိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၆။ လိုင်စင်သက်တမ်းတိုးလျှောက်ထားသူများအား ထုတ်ပေးထားသည့်လိုင်စင်ကတ်အဟောင်းကို ပြန်လည်သိမ်းယူမည်ဖြစ်ပြီးပျောက်ဆုံးခဲ့ပါကလိုင်စင်ကြေး၏ ၅၀%အား ဒဏ်ကြေးအဖြစ်ပေးသွင်း ရမည်ဖြစ်ပါသည်။လိုင်စင်သက်တမ်းတိုး လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အ လက်များသိရှိလိုပါက ဖုန်း-၀၆၇-၃၄၁၁၀၈၂ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။