The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း PTTEP International Ltd. မှ Senior Vice President, Myanmar Asset ဖြစ်သူ Mr. Piya Sukhumpanumet ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ​ဖေဖော်ဝါရီလ ( ၁၁ )ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် PTTEP International Ltd. မှ Senior Vice President, Myanmar Asset ဖြစ်သူ Mr. Piya Sukhumpanumet ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ​​ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံရာတွင် PTTEP International Ltd. မှ နိုင်ငံတကာ စွမ်းအင်ကဏ္ဍ တွင် ပါဝင်​ဆောင်ရွက်နေမှု အ​​ခြေအနေများနှင့် ဧရာဝတီတိုင်း​ဒေသကြီးအတွင်း အကောင်အထည်ဖော်​ဆောင်ရွက်မည့် Myanmar Domestic Gas to Power Project Proposal အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးထံမှ ညွှန်ကြားမှုနှင့် အကြံပြုချက်များကို ရယူ ဆွေးနွေးခဲ့ပါသည်။

            အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် PTTEP International Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

Post under by : ဝန်ကြီးရုံး
11-Feb-2020