၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( ၂၅ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ Yangon Franchise Company များ ဖြစ်ကြသော Asia Might Co., Ltd. ၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd. ၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd. တို့မှ တာဝန်ရှိသူ များအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Yangon Franchise Company များမှ ၅ နှစ်တာကာလ အတွင်း ရင်းနှီးမြှုပ်နှံခဲ့မှုအခြေအနေများ၊ သင့်လျော်သော ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများ နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ Yangon Franchise Company များဖြစ်ကြသော Asia Might Co., Ltd. ၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd. ၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။