The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် PTTEP International Ltd. မှ Senior Vice President, Myanmar Asset ဖြစ်သူ Mr. Piya Sukhumpannment ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( ၂၈ )ရက်

                လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် PTTEP International Ltd. မှ Senior Vice President, Myanmar Asset ဖြစ်သူ Mr. Piya Sukhumpannment ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

                ထိုသို့တွေ့ဆုံရာ၌ PTTEP International Ltd. မှ အဆိုပြုတင်ပြသည့် Domestic Gas to Power Project ၏ Overall Development Scheme ဖြစ်သော မြန်မာ့ကမ်းလွန် သဘာဝ ဓာတ်ငွေ့လုပ်ကွက် M-3 နှင့် ဇောတိကစီမံကိန်းတို့မှ ထွက်ရှိလာသော သဘာဝ ဓာတ်ငွေ့များအား ကန်ပေါက်နှင့် ဒေါ်ငြိမ်းဒေသများရှိ Gas Receiving Station များမှ တဆင့်ပို့လွှတ်ကာ ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်တွင် 600 MW ဓာတ်အားပေးစက်ရုံနှင့် 230 kV Transmission Line တည်ဆောက်ပြီး နိုင်ငံတော်ဓာတ်အားလိုင်းသို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် စီမံကိန်း နှင့် ကျိုက်လတ်ဒေသမှ ရန်ကုန်မြို့ သို့ ကုန်းတွင်းသဘာဝဓာတ်ငွေ့ပို့လွှတ်မည့် စီမံကိန်းများတွင် PTTEP မှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးမှ ကုမ္ပဏီမှ အဆိုပြုတင်ပြသည့် Domestic Gas to Power Project ၏ ဆက်လက်ဆောင်ရွက်သွားရန် ကိစ္စများ၊ Financial Model စနစ်တကျ လုပ်ဆောင်ရန် ကိစ္စများ၊ စီမံကိန်းအား Sustainability ဖြစ်စေရေး အကောင်အထည်ဖော်ရန် ကိစ္စများနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့နှင့် ပူးပေါင်းဆောင်ရွက် ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

                အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် PTTEP International Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
28-Feb-2020