The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Asia General Holding Co., Ltd. မှ Managing Director ဖြစ်သူ ဦးခင်မောင်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၁၉ )ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Asia General Holding Co., Ltd. မှ Managing Director ဖြစ်သူ ဦးခင်မောင်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် Asia General Holding Co., Ltd. မှ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်လျက်ရှိသော Transformers, Switchgears နှင့် Panel များအား မိတ်ဆက် ရှင်းလင်း တင်ပြခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် Asia General Holding Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
23-Mar-2020