The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်နေ့

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်)

၁။           COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလအတွင်း ပြည်သူ များ  ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ်အထိကို  ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ဧပြီလကုန်အထိ ပေးသွားမည် ဖြစ်ကြောင်း Coronavirus  Disease 2019  (COVID-19)  ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ (၆) ရက်နေ့တွင်  သတင်းထုတ်ပြန် ခဲ့ပါသည်။

၂။          အဆိုပါ ငွေကြေးကောက်ခံမှု  ကင်းလွတ်ခွင့် (အခမဲ့) နှင့် ပတ်သက်၍ ပြည်သူများ မှ ပေးဆောင်ရာတွင် ရှင်းလင်းစေရန်အတွက် အောက်ပါအတိုင်း တင်ပြအပ်ပါသည် - 

 

စဉ်

ဓာတ်အားသုံးစွဲသူ အမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

(က)

အိမ်သုံးအမျိုးအစား

  • နေအိမ်သုံး
  • အိမ်သုံးပါဝါ
  • တစ်လုံးတစ်ခဲတည်း (အိမ်သုံး)
  • စီးပွားရေးလုပ်ငန်း မပါသော ဘာသာ/ သာသနာ အဆောက်အအုံ

၁ မှ ၃၀

၃၅

၃၁ မှ ၅၀

၅၀

၅၁ မှ ၇၅

၇၀

၇၆ မှ ၁၀၀

၉၀

၁၀၁ မှ ၁၅၀

၁၁၀

၁၅၁ မှ ၂၀၀

၁၂၀

၂၀၁ နှင့် အထက်

၁၂၅

 

စဉ်

ဓာတ်အားသုံးစွဲသူ အမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

(ခ)

အိမ်သုံး မဟုတ်သည့် အမျိုးအစား

  • စက်မှုလုပ်ငန်းများ
  • စီးပွားရေးလုပ်ငန်းများ
  • တစ်လုံး တစ်ခဲတည်း
  • ယာယီသုံး
  • လမ်းမီး
  • အစိုးရရုံးဌာနအဖွဲ့အစည်းများ
  • နိုင်ငံပိုင် စက်မှုလုပ်ငန်းများ
  • နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ
  • မြစ်ရေတင်လုပ်ငန်း
  • စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ
  • အစိုးရမဟုတ်သောအဖွဲ့အစည်းများ
  • နိုင်ငံခြားသံရုံးများ
  • နိုင်ငံတကာအဖွဲ့အစည်းများ

၁ မှ ၅၀၀

၁၂၅

၅၀၁ မှ ၅၀၀၀

၁၃၅

၅၀၀၁ မှ ၁၀၀၀၀

၁၄၅

၁၀၀၀၁ မှ ၂၀၀၀၀

၁၅၅

၂၀၀၀၁ မှ ၅၀၀၀၀

၁၆၅

၅၀၀၀၁ မှ ၁၀၀၀၀၀

၁၇၅

၁၀၀၀၀၁ နှင့် အထက်

၁၈၀

 

၃။           ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) ခံစားခွင့်ရရှိသည့် ဓာတ်အားသုံးစွဲသူ အမျိုးအစားတွင်  ဓာတ်အားခနှုန်းထားသတ်မှတ်ချက်ဇယား၏ စာပိုဒ် ၂ (က) အိမ်သုံးအမျိုးအစားဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအပြင် စာပိုဒ် ၂ (ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင် သော အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ  ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများသာ အကျုံး ဝင်ပါသည်။

၄။           အကျုံးဝင်သော ကာလမှာ ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ (၁)ရက်နေ့မှ (၃၀) ရက်နေ့အထိ သုံးစွဲ ခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုများဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက်   ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါ အဝင် ကင်းလွတ်ခွင့်  (အခမဲ့) ရရှိမည်ဖြစ်ပါသည်။ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀)အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၅။           အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင်ပါဝင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအုပ်စုမှ  ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံး သည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။  

၆။           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ  မီတာဖတ်စာရေးများသည် လစဉ်ဖတ်ရှုရမည့်ရက်များ အတိုင်းဖတ်ရှုမှတ်သား၍ဖြန့်ဝေရမည့် မီတာဘေလ်များကိုလည်း ပုံမှန်ဖြန့်ဝေကာ ၎င်းမီတာဘေလ် များ၌ သုံးစွဲသည့်ယူနစ်များအလိုက် ကင်းလွှတ်ခွင့် (အခမဲ့) ခံစားခွင့်ပြုမည့် ငွေပမာဏကို  နှုတ်ပယ် သွားမည်ဖြစ်ပြီး ၎င်းမီတာဘေလ်များအား သုံးစွဲသူများမှ သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

၇။           တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နေသည့် မီးသုံးစွဲသူများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သီးခြားဆောင်ရွက်ရန် ဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

 

…..

Post under by : ဝန်ကြီးရုံး
07-Apr-2020