ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်သူသို့ အသိပေးတင်ပြချက်
၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်နေ့
(၂၀၂၀ ပြည့်နှစ်၊ မေလ ၆ ရက်)
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ Coronavirus Disease ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် (၃၀.၄.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသောအမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များအား (၁၅.၅.၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်၍ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးတိုးမြှင့်ခဲ့သည့် မေလ(၁)ရက်မှ (၁၅)ရက်အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့ အစည်းများမပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၇၅)ယူနစ် အထိကို ငွေကြေး ကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံပေးသွားမည် ဖြစ်ပါသည်။
၂။ သို့ပါ၍ သုံးစွဲခဲ့သောလျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၇၅) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပါသည်။
၃။ အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင်ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။