ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
နေပြည်တော်
ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်းလိုင်စင်
လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း
၁။ ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း လိုင်စင်ရယူလိုသော ပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာနှင့်အတူ ဉီးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အောက်ဖော်ပြပါ အချက်အလက် အထောက်အထားများပြည့်စုံစွာဖြင့် လုပ်ငန်းလိုင်စင်အဆိုပြု လျှောက်ထားနိုင်ပါသည်-
(က) ပုဂ္ဂိုလ်(သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်/ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ ၊ နိုင်ငံခြားကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်လျှင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောကုမ္ပဏီ မှတ်ပုံတင်လက်မှတ်မိတ္တူ ၊
(ခ) လျှောက်ထားသူ၏(၂×၁.၅) လက်မဓာတ်ပုံ ၊ အမည် နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊
(ဂ) တာဝန်ခံဆောင်ရွက်မည့် ပုဂ္ဂိုလ်အမည်နှင့် လိပ်စာ၊ ဖုန်းနှင့် email လိပ်စာ ၊
(ဃ) ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မည့် တည်နေရာ ၊ အကျယ်အဝန်းနှင့် အဆောက်အဦး၏ အသေးစိတ် ဒီဇိုင်းပုံစံ/ အကွက်ချပုံစံ (Layout Plan/Detail Design Drawing) ၊
(င) စမ်းသပ်မှုပြုလုပ်ပေးနိုင်မည့် ရေနံနှင့်ရေနံထွက်ပစ္စည်းအမျိုးအစားများ ၊
(စ) တပ်ဆင်ဆောင်ရွက်မည့် ရေနံနှင့်ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးနှင့်စံချိန်စံညွှန်း
များကို စမ်းသပ်တိုင်းတာသည့် စမ်းသပ်ကိရိယာများနှင့် အသုံးပြုမည့်ဓာတုပစ္စည်းများ၊
(ဆ) စမ်းသပ်ရေးအရာရှိ၊ အရည်အသွေးစမ်းသပ်သူ၊ နမူနာယူသူနှင့်အခြားဝန်ထမ်း ဖွဲ့စည်းပုံ နှင့် ခန့်ထားမည့်အစီအစဉ် ၊
(ဇ) လျှောက်ထားသူနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်း ရှင်းကြောင်း ထောက်ခံချက် ၊
၂။ စံချိန် စံညွှန်းမီ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ Website (www.moee.gov.mm) တွင်ဝင်ရောက်ကြည့်ရှုပြီး Download ရယူနိုင်ပါသည်။
၃။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်းဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း