၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အား သုံးစွဲမှုများအတွက် လစဉ်ဓာတ်အားခများကို သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ကောက်ခံ ဆောင်ရွက် လျက်ရှိပါသည်။
၂။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ၂၀၂၀ ပြည့်နှစ်၊ မေလ တွင် သတ်မှတ်မြို့နယ်ရုံးများ၌ မီတာခများအား (၁၇-၅-၂၀၂၀)၊ (၁၉-၅-၂၀၂၀)၊ (၂၁-၅-၂၀၂၀)၊ (၂၃-၅-၂၀၂၀) နှင့် (၂၅-၅-၂၀၂၀) ရက်တို့၌ နောက်ဆုံးထား၍ အသီးသီး ပေးသွင်းကြရန် မီတာဘေလ်များ ပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။
၃။ လက်ရှိတွင် Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိသဖြင့် ကူးစက်မှုအား ထိန်းချုပ်မှု ပြုလုပ်နေသည့် ကာလအတွင်း လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် ကျသင့်သည့် မီတာခများအား စာပိုဒ်(၂)ပါ သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) အထိ နောက်ဆုံးထား ပေးသွင်းကြပါရန် အသိပေးပန်ကြားအပ်ပါသည်။
၄။ ထိုသို့ အပိုဒ်(၂)ပါ သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိခဲ့မှုအတွက် နောက်ကျကြေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြုလုပ်မည် မဟုတ်ပါကြောင်း အသိပေးပန်ကြား အပ်ပါသည်။
၅။ ငွေလက်ခံကောင်တာများကို နေ့စဉ် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်မရှိ ဖွင့်လှစ်လက်ခံသွား မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှ သတ်မှတ်ရက်များအတိုင်း လာရောက်ပေးသွင်းနိုင်ပါရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခ နောက်ဆုံးပေးသွင်းရမည့်ရက်ကိုလည်း ထပ်မံ ထုတ်ပြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန