နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၇ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Hahm Jeong Han ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာ-ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာဆပ်ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။