လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏(၃.၆.၂၀၂၀)ရက်စွဲပါကြော်ငြာစာအမှတ်(၁/၂၀၂၀) ဖြင့်ကြော်ငြာခေါ်ယူခဲ့သည့်အငယ်တန်းအင်ဂျင်နီယာ(၂)(၉၃)နေရာအတွက် ရေးဖြေ စာမေးပွဲ ကျင်းပမည့်နေ့ရက်နှင့် ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်-
၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏(၃.၆.၂၀၂၀)ရက်စွဲပါကြော်ငြာစာအမှတ်(၁/၂၀၂၀) ဖြင့်ကြော်ငြာခေါ်ယူခဲ့သည့်အငယ်တန်းအင်ဂျင်နီယာ(၂)(၉၃)နေရာအတွက်ရေးဖြေစာမေးပွဲကိုအောက်ပါ အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
(က) ရက်စွဲ ၁၆.၈.၂၀၂၀ (တနင်္ဂနွေနေ့)
(ခ) အချိန် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ အင်္ဂလိပ်စာဘာသာရပ်
(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ အင်ဂျင်နီယာဘာသာရပ်
(ဂ) နေရာ နေပြည်တော်
၂။ အဆိုပါ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို (၁၃.၈.၂၀၂၀)ရက်နေ့မှ (၁၅.၈.၂၀၂၀) ရက်နေ့အထိ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၃၀)နာရီအထိ ရုံးချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ စီမံခန့်ခွဲရေးဌာနသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။
၃။ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Websiteတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။