နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ( ၂၇ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဌာနအကြီးအကဲများအား ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးသည့်အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိဝန်ကြီး(စွမ်းအင်) ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ စွမ်းအင်ကဏ္ဍကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်အထက် အရာထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဌာနကြီးမှူးများမှ အသီးသီးမိတ်ဆက်တင်ပြကြပြီး၊ ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်မှ ဌာန၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာ ထွန်းနိုင်က ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးရာတွင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma Petroleum Products Enterprise – MPPE) ကို ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန (Petroleum Products Regulatory Department – PPRD) သို့ ၁၈-၆-၂၀၂၀ ရက ်နေ့မှစတင်၍ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ထိုသို့ အသွင်ကူးပြောင်းဆောင်ရွက်ရာတွင် ဌာနအမည်ပြောင်းလဲရုံဖြင့် လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်မဟုတ်ကြောင်း၊ ယခင် MPPE အနေဖြင့် ဝန်ကြီးဌာနမှ ထုတ်လုပ်သည့် စက်သုံးဆီများကို သိုလှောင်ခြင်း၊ အစိုးရစက်သုံးဆီအရောင်းဆိုင်များသို့ သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းများကို ပုဂ္ဂလိကသို့ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ လိုင်စင်များစိစစ်ခွင့်ပြုထုတ်ပေးခြင်းဖြင့် လွှဲပြောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခု PPRD သို့ ပြောင်းလဲဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်း များအပြင် Mini-Refinery လိုင်စင်များ၊ စက်သုံးဆီစံချိန်စံညွှန်း၊ အရည်အသွေး၊ အချင်အတွယ်စစ်ဆေးခြင်းလုပ်ငန်းများအတွက် လိုင်စင်များကို စိစစ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာမည်ဖြစ် ကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းများအဆင်ပြေ ချောမွေ့ အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေး အတွက် ဌာနတွင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအားလုံးသို့ ဌာနအကြီးအကဲ များမှတဆင့် ကြီးကြပ်လမ်းညွှန်သွားနိုင်ရန် လိုက်နာဆောင်ရွက်ရန် အချက်များအား ပြောကြားလိုကြောင်း၊ ပထမဦးဆုံးအချက်မှာ ပြည်သူလူထုနှင့် ဆက်ဆံရေးကိစ္စဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက် လိုသည့် လုပ်ငန်းရှင်ပြည်သူများအား ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ဆက်ဆံရန် ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မိမိဖက်ကစဉ်းစားခြင်းထက် တစ်ပါးသူဖက်က စဉ်းစား ဆောင်ရွက်ပေးရန်နှင့် တတိယအချက်မှာ သူတပါးအခက်အခဲပြဿနာကို ဦးစားပေး ဖြေရှင်းပေးရန်ဖြစ်ကြောင်း၊ အခြားလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် အထောက်အထားအချက်အလက် စာရွက်စာတမ်း များ၊ လုပ်ငန်းစဉ် (SOP) များအားကို ရှင်းလင်းလွယ်ကူစွာဖြင့် အချိန်ကုန်သက်သာစွာ ဖြင့် ဆောင်ရွက်နိုင်စေရန် နမူနာပုံစံများဖြင့် Website များတွင် လွှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိရော လက်အောက်ဝန်ထမ်းများပါ အဂတိကင်းရှင်းစွာ နေထိုင်ခြင်း ဖြင့် အများပြည်သူ ယုံကြည်မှုရရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနည်းလမ်းများကို တီထွင်ကြံဆခြင်း၊ IT နည်းပညာများကို အခြေခံ၍ တွင်ကျယ်စွာအသုံးပြုဆောင်ရွက်ခြင်း၊ ဆောင်ရွက်ချက် များကို ရက်စွဲအလိုက် အဆင့်ဆင့်မှတ်တမ်းများ စနစ်တကျရေးသွင်း၍ Working Time လျှော့ချရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းပေါ်မူတည်၍ ရာထူးတိုးမြှင့်ခြင်း ကိစ္စရပ်များတွင် လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ အလေးပေးစဉ်းစားပေးစေလို ပါကြောင်း၊ လိုင်စင်/ခွင့်ပြုမိန့် ချထားပေးရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက် ရာတွင် FDA ကဲ့သို့ ရှောင်တခင်ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးခြင်း၊ အရည်အသွေးစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားသင်တန်းများပေးခြင်း၊ သက်ဆိုင်ရာနည်းပညာ များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို အသေးစိတ်လေ့လာခြင်း၊ ဥပဒေချိုးဖောက်နေသူ များရှိပါက ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ တရားဝင်လိုင်စင်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရေရှည်ရှင်သန်ရပ်တည် နိုင်အောင် လိုင်စင်ရစက်သုံးဆီဆိုင်ဟု ဆိုင်းဘုတ်တင်ခြင်းမျိုး ဆောင်ရွက်ပေးခြင်း၊ Customer is Always Right ဆိုသည့်မူကို လက်ခံကျင့်သုံးပြီး၊ အများပြည်သူ၏ ဝေဖန်အကြံပေးချက်များကို လက်ခံ၍ သုံးသပ်ဆင်ခြင်၍ ပြောင်းလဲဆောင်ရွက်နိုင်ရေး အတွက် Public Relation Team (PR Team) များကို ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ များနှင့် ဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုဆက်ဆံအောင် လေ့ကျင့်ပေးခြင်း၊ ဝန်ဆောင်မှုအထူးကောင်းမွန်သော ဌာနတစ်ခုအဖြစ် ပြည်သူအများက လက်ခံချီးကျူး လာသည်အထိ ယုံကြည်မှုကို တည်ဆောက်ခြင်း၊ ဝန်ထမ်းများကို သင်တန်းပေးရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စာသင်ချိန်တစ်ချိန် ထည့်သွင်းပို့ချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် PPRD ဌာနသစ်အမည်ဖြင့် များပြားသော လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာနအကြီးအကဲ များရော မိမိလက်အောက်ဝန်ထမ်းများပါ တက်ညီလက်ညီဖြင့် ယခုလမ်းညွှန်ချက် များနှင့်အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး ထပ်ဆင့်ချပြရှင်းလင်းဆောင်ရွက် သွားကြရန်နှင့် ဌာနအား တစ်နေ့ထက်တစ်နေ့ ပိုမိုအဆင်ပြေအောင်မြင်အောင် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။