The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ  ၁၈  ရက်)

၁။           Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီး‌ရေးအတွက် (၁၅-၈-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များမပါ) အား (၃၁-၈-၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်သွားရန် ၁၃-၈-၂၀၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။

၂။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ (၇၅) ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ၁၀-၇-၂၀၂၀ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၃။           ထပ်မံ၍ ဇူလိုင်လ (၁၆)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့ အထိ (၇၅)ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေကို  ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၁၅၀) ယူနစ်အား ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၄။           COVID – 19 ကြောင့် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကြပ်တည်းခြင်း များစွာ ရှိနေခြင်းကြောင့် သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ (၃၁-၁၂-၂၀၂၀) အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက် ပေးသွား မည် ဖြစ်ပါသည်။

၅။           သို့ပါ၍ လစဉ် သုံးစွဲမည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ် ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၆။           အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
18-Aug-2020