နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ( ၁၉ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်)၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ ဒေါက်တာထွန်းနိုင်သည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ပါဝင်စား သည့် Myanmar Chemical & Machinery Co., Ltd (MCM Co., Ltd) မှ ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိ သူများနှင့်အတူ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာ ထွန်းနိုင်မှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည့် Investors နှင့် Developers များရရှိမည့် အထူးစီးပွားရေး ဇုန်ဉပဒေ၊ နည်းဥပဒေများအရ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် Myanmar Chemical & Machinery Co., Ltd မှ ကိုယ်စားလှယ်များမှ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆောင်ရွက်လို သည့် 8 MMTA Refinery စီမံကိန်းအတွက် မြေနှင့်ရေရရှိနိုင်မှုအခြေအနေများနှင့် Refinery Project အတွက် Feasibility Study ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များအား ပံ့ပိုးပေးနိုင်ရေး တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်ကဏ္ဍကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဉက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် အဖွဲ့ဝင်များ သည် အစည်းအဝေးသို့ online video conferencing မှ တစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။