The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် POSCO International Corporation မှ Managing Director & Senior Vice President ဖြစ်သူ Mr. Sang Hoon Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (  ၁၉  ) ရက်

 

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် POSCO International Corporation မှ Managing Director & Senior Vice President ဖြစ်သူ Mr. Sang Hoon Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၉) ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် POSCO International Corporation မှ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် တွင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လိုခြင်း ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် POSCO International Corporation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
20-Aug-2020