The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင် ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ()ရက်

              တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေး (3rd Myanmar-India Joint Steering Committee on Electricity and Energy Cooperation) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့၊ မြန်မာ စံတော်ချိန် ၁၆:၃၀ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ Ministry of Power နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံ Ministry of Power ၊ အတွင်းဝန် Shri Sanjiv Nandan Sahai နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် တို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံမှ လျှပ်စစ် စွမ်းအားကဏ္ဍဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်စပ် ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ရှိဒေသများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးကိစ္စရပ်များ၊ ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် အခြားစွမ်းအင် အရင်းအမြစ်များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးချရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
03-Sep-2020