The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဆီသယ်ယာဉ်(Bowser)များနှင့် ဆီသယ်နောက်တွဲယာဉ်( Trailer) များအား ရေနံနှင့်ရေနံထွက်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းကြီးကြပ်လက်မှတ်များထုတ်ပေးခြင်း

   

ရေနံထွက်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအား ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက် နိုင်စေရန်အတွက်လည်းကောင်း၊ စနစ်တကျ ဆောင်ရွက်ကြစေရန်လည်းကောင်း၊ စက်သုံးဆီ သယ်ယူဖြန့်ဖြူးရေးဆိုင်ရာ သတင်းစာရင်းအချက်အလက်များ ရရှိစေရန်အတွက်လည်းကောင်း၊ ယာဉ်မတော်တဆမှုနှင့် မီးလောင်မှုများအား အချိန်နှင့်တပြေးညီ စိစစ်နိုင်စေရန်အတွက် လည်းကောင်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတွင်မှတ်ပုံတင်ထားရှိသော ဆီသယ်ယာဉ်(Bowser) များ နှင့် ဆီသယ်နောက်တွဲယာဉ်(Trailer) များအား (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှစတင်၍ ရေနံနှင့်ရေနံထွက် ပစ္စည်းသယ်ယူပို့ဆောင်ခြင်းကြီးကြပ်လက်မှတ်များကို သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသည်။

Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
29-Sep-2020